Tအယ်ဒီတာမှတ်ချက်-ဤအကြောင်းအရာနှင့်ပတ်သက်သည့်စိတ်၀င်စားမှုသည်အီးစီအိပ်ချ်အိုအာရှတွင် ညွှန် ကြားရေးမှူအဖြစ် ရစ်ခ် ဘားနက် တာ၀န်ထမ်းဆောင်စဥ်အချိန်မှစတင်ခဲ့ပါသည်။ဒေသတွင်းနေထိုင်သောသူများ တို့သည် စားသုံးနိုင်သည့် ဒရင်ကောက်ပင်/အရွက်(ဖန်းပင်/ရွက်)များကိုနှစ်တစ်နှစ်၏အချိန်ကာလတစ်ခုတွင်သာ အရိုင်းပင်များမှဖြတ်ယူ၍စျေးတွင်ရောင်းချကြသည်ကိုကြည့်နေရင်း ကပင်သူသည်မည်သူမျှဂရုမစိုက်၊အသုံးပြု သူများစွာမရှိသည့်ဤအပင်မျိုးစိတ်ကိုလယ်ယာများတွင်လူများမှဖန်တီးသည့်အရိပ်အောက်တွင်စိုက်နိုင်ကောင်းစိုက်နိုင်၍ ထိုသို့စိုက်ခြင်းဖြင့်“ရာသီချိန်ကုန်ဆုံးသည့်ကာလ”တွင်ပင်စျေးတွင်ရောင်းချနိုင်ကောင်းရောင်းချနိုင် မည် ဟုစဥ်စားမိခဲ့သည်။ထိုအချိန်မှစ၍ စမ်းသပ်မှုများကိုထပ်ခါ ထပ်ခါ ပြုလုပ်၍ (အများသူငါတို့၏အကူအညီ ဖြင့်) အောက်ပါစာစောင်ကိုအကျဉ်းချုပ်ရေးသားဖေါ်ပြခဲ့ပါသည်။