ဤ "နဂျီ မွေးမြူနည်း လက်စွဲစာအုပ်" သည် စိုက်ပျိုးရေးတွင် အရေးပါသော ဇီဝမိတ်ဆွေပိုးဖြစ်သည့် ထရိုင်ဂိုဂရားမား ကပ်ပါးနဂျီကို စနစ်တကျ မွေးမြူပွားများနိုင်ရန်အတွက် ရေးသားထားသော လက်တွေ့ကျသည့် လမ်းညွှန်စာအုပ်ဖြစ်သည်။ အဆိုပါ ကပ်ပါးနဂျီသည် စပါးနှင့် အခြားသီးနှံများ၏ ရန်သူဖြစ်သော ဆန်ထွေးပိုးဥများကို ဖျက်ဆီးနိုင်စွမ်းရှိသဖြင့် ဓာတုပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ရန် အထောက်အကူပြုသည်။ စာအုပ်ကို အဆင့်ဆင့် လိုက်နာလေ့လာနိုင်ရန် အပိုင်း (၅) ပိုင်းဖြင့် ဖွဲ့စည်းတင်ပြထားပါသည်-
၁။ အခြေခံသဘောတရားများ - နဂျီမွေးမြူရေး၏ အခြေခံသိသင့်သိထိုက်သည့် သဘောတရားများ၊
၂။ ထရိုင်ဂိုဂရားမားကပ်ပါးနဂျီ မိတ်ဆက်အကျဉ်း - ဘဝစက်ဝန်းနှင့် ၎င်း၏ သဘော သဘာဝ အလေ့အထ၊
၃။ ထရိုင်ဂိုဂရားမားကပ်ပါးနဂျီ မွေးမြူရေးလုပ်ငန်းစဉ် - ကပ်ပါးနဂျီ ဖွဲ့စည်းပုံ
၄။ ဆန်ထွေးပိုးဥမွေးမြူနည်း - မွေးမြူနည်း အဆင့်ဆင့်၊ ဘဝစက်ဝန်း နှင့် ဆက်စပ်သတင်းအချက်အလက်များ
၅။ ထရိုင်ဂိုဂရားမားကပ်ပါးနဂျီ မွေးမြူပွားများခြင်းနည်းလမ်း - အမြောက်အမြား ပွားယူနိုင်သည့် နည်းပညာများနှင့် သိုလှောင်နည်းများ။