ဤလက်စွဲစာအုပ်ကို မိမိတို့တွင်ရှိသော အရင်းအမြစ်များကို အသုံးပြုပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို စနစ်တကျဖော်ဆောင်စေရန်၊ သဘာဝနည်းလမ်းများ၊ ဇီဝနည်းလမ်းများကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်စေရန်၊ ၎င်းနည်းလမ်းများကို အသုံးပြုပြီး ကုန်ကျစရိတ်များ သက်သာစေကာ ဝင်ငွေများ ပိုမိုရရှိလာစေရန်နှင့် နည်းပညာများကို အခြားတောင်သူများမျှဝေနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် သဘာဝ သွင်းအားစုများဖြစ်သည့် -အိုင်အီးအမ်၊ အသင့်သုံးအီးအမ်၊ ငါးအမိုင်နိုအက်ဆစ်၊ သီးစုံရွက်ဖျန်းအားဆေး၊ (၈)မျိူးစပ်ပိုးနှင်ဆေး၊ သဘာဝရွက်ဖျန်းအားဆေးနှင့် သဘာဝမြေဆွေးပြုလုပ်နည်းများကို ပါဝင်ပစ္စည်းများ၊ ပြုလုပ်ပုံအဆင့်ဆင့်၊ အသုံးပြုရမည့်နှုန်းထားများနှင့် ၎င်းတို့၏ အကျိုးကျေးဇူးများကို အသေးစိတ်ဖော်ပြထားပါသည်။