ဤစာအုပ်တွင် မျိုးစေ့ အမျိုးအစားများအကြောင်း၊ တစ်ဖြေးဖြေးပျောက်ကွယ်လာပြီဖြစ်သည့် ဒေသမျိုးစေ့များအကြောင်း၊ ဒေသ မျိုးစေ့များသည် ကျွန်တော်တို့ဘဝ၊ယဥ်ကျေးမှု၊ ကိုးကွယ်မှုတန်ဖိုးများနဲ့ ပတ်သက်ဆက်နွယ်နေကြောင်းနှင့် မျိုးစေ့ကို မထိန်းသိမ်းရင် ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းခြင်းဖြစ်သည် သည့်အကြောင်းနှင့် ဒေသမျိုးစေ့နှင့် ပတ်သက်ပြီး (၁) လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှု၊ (၂) သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုပြီး ခွဲခြားဆွေးနွေးတင်ပြထားပါသည်။
ဒေသမျိုးစေ့များကို ဒေသခံလူထု လူ့အဖွဲ့အစည်းများက မိမိတို့ လု့အဖွဲ့အစည်း တည်ရှိနေသ၍ မျိုးစေ့များလည်း တည်ရှိနေအောင် ဒေသအလိုက် ကာကွယ်ဖို့လိုကြောင်း၊ နှစ်ထောင်ချီပြီးတော့ မိဘ ဘိုးဘွားတွေ ထိန်းသိမ်းလာခဲ့သည့် ဒေသမျိုးစေ့ ဆုံးရှုံးမှုသည် ဆုံးရှုံးမှုအရပ်ရပ်တို့၏ မူလအကြောင်းအရင်းဖြစ်ကြောင်းနှင့် ဒေသမျိုးစေ့တွေသည် မည်ကဲ့သို့အရေးကြီးကို နိုင်ငံတကာတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဥပမာပေး ဆွေးနွေးတင်ပြထားပါသည်။