မြေယာအရေး လုပ်ဆောင်နေကြသည့် အရပ်ဖက်အဖွဲ့အစည်းများ (သို့မဟုတ်) မြေယာနှင့် သက်ဆိုင်သည့် လူမှုသုတေသနကို စိတ်ဝင်စားသည့်သူများအတွက် မြေယာဥပဒေများတွင် အသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် မြေယာကိစ္စနှင့် ပတ်သက်ဆက်နွယ်နေသည့် ဖြစ်စဥ်/ဖြစ်ရပ်များကို ကောက်ယူခြင်းနည်းများကို လက်တွေ့တွင်ပြန်လည်အသုံးချနိုင်ရန်အတွက် ရည်ရွယ်ပြီး ဤသင်တန်းစာအုပ်ကို ထုတ်ဝေထားခြင်းဖြစ်ပါသည်။
ဤစာအုပ်ကို အပိုင်းကြီး (၃)ပိုင်းပါဝင်၍ အပိုင်း (၁)၏ အခန်း (၁) မှ အခန်း (၂) ထိ သင်တန်းတစ်ခုအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် သင်တန်းပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အရာများကို ရေးသားဖော်ပြထားပါသည်။ အပိုင်း (၂)တွင်မူ မြေယာနှင့် သယံဇာတ ထုတ်ယူအသုံးချမှုများနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ဥပဒေမူဘောင်များနှင့် ဥပဒေတစ်ခုနှင့်တစ်ခုအကြား ချိတ်ဆက်နေမှုများကို အခန်း(၃) မှ (၅) ထိ သုံးသပ်တင်ပြထားပါသည်။ ဖြစ်စဉ်/ဖြစ်ရပ်တစ်ခုကို မှတ်တမ်းပြုစုသည့်အခါ အသုံးဝင်ဆုံး ဖြစ်မည့် သုတေသနနည်းလမ်းများကို အပိုင်း (၃) ၏ အခန်း (၆-၇)တွင် ရေးသားဖော်ပြထားပါသည်။