ဤစာအုပ်တွင် မျိုးကောင်း၊မျိုးသန့် များကို ဘယ်လိုရယူမလဲ၊ အရည်အသွေးကောင်းတဲ့ မျိုးစေ့ရှိအောင် မည်ကဲ့သို့ဆောင်ရွက်မလဲ၊ ၎င်းမျိုးစေ့များကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ အပြင်မျိုးစေ့ သိုလှောင်ခြင်းသဘောတရားများ ကို နားလည်စေရန် ရှင်းပြထားပါသည်။ ထို့ပြင် ဒေသ၏ မျိုးကောင်းမျိုးသန့်များ ပြန်လည်ရရှိအောင် မည်ကဲ့သို့ ဆောင်ရွက်သင့်ပုံ နည်းလမ်းများနှင့် ဒေသမျိုးစေ့များ အရည်အသွေးကျဆင်းစေသည့် အချက်များနှင့် ဒေသမျိုးစေ့များ သိုလှောင် သိမ်းဆည်းနည်းများစသည့် အခြေခံသဘောတရားများကို နားလည်စေရန် ရှင်းလင်းတင်ပြထားပါသည်။